မန်ယူအသင်း၏ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ဖြစ်သည့် ထိုင်းနိုင်ငံခရီးစဉ်အပါအဝင် ရာသီကြိုခြေစမ်း ပွဲစဉ်တချို့ကို အဓိကတိုက်စစ်မှူး စီရော်နယ်ဒို လွဲချော်မည်ဖြစ်ကြောင်း မန်ယူအသင်းက အတည်ပြု ကြေညာခဲ့သည်။
မန်ယူအသင်းသည် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် စခန်းသွင်းလေ့ကျင့်မှုများကို ယခုရက်သတ္တ ပတ်အတွင်း စတင်ပြုလုပ်ခဲ့သော်လည်း စီရော်နယ်ဒို အနေဖြင့် လက်ရှိအချိန်ထိ မိသားစုအကြောင်းပြချက် ဖြင့် အသင်းနှင့် လာရောက်ပူးပေါင်းခြင်း မရှိသေးသည့်အတွက် မန်ယူအသင်း၏ ထိုင်းနိုင်ငံခရီးစဉ်ကို လိုက်ပါမည်မဟုတ်ဟု အတည်ပြု ကြေညာထားပြီး ထိုင်းနိုင်ငံခရီးစဉ်အပြင် ရာသီကြိုခြေစမ်းပွဲစဉ် တချို့တွင်လည်း ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
မန်ယူအသင်းသည် ရာသီကြိုခြေစမ်းပွဲစဉ် ပထမ ပွဲစဉ်အဖြစ် ဇူလိုင် ၁၂ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌ လီဗာပူးအသင်းနှင့် ကစားမည်ဖြစ်သည်။ အစောပိုင်းက အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးမှ အဓိက ကစားသမားများ ပါဝင်မည်ဟု ကြေညာထားသော်လည်း စီရော်နယ်ဒို ပါဝင်နိုင်တော့မည်မဟုတ်သည့်အတွက် လက်မှတ်ကြိုတင်ဝယ်ယူထားသော ပရိသတ်များက ဒေါသထွက်ခဲ့ကြပြီး လက်မှတ်ခ ပြန်လည်ပေးချေရန် ပွဲစဉ်ကျင်းပရေး ကော်မတီထံ တောင်းဆိုမှုများ ပြုလုပ်ထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
စီရော်နယ်ဒိုသည် မိသားစုအကြောင်းပြချက်ဖြင့် မန်ယူအသင်းနှင့် လာရောက်မပူးပေါင်းခြင်း ဖြစ်ကြောင်း မန်ယူအသင်းက သတင်းထုတ်ပြန် ထားသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမကစားရသည့် အပြင် လုပ်ခလစာ လျှော့ချခံရသည့်အတွက် အသင်းမှထွက်ခွာရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း သိရသည်။
Ref;Dailymail