I.S.P.E အသင်းက ဟံသာဝတီယူနိုက်တက် အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ
နေပြည်တော် ဇူလိုင် ၉
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၃)ကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၃)မှ I.S.P.E အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း တို့ ယှဉ်ပြိုင်ကစားရာ I.S.P.E အသင်းက ဟံသာဝတီယူနိုက်တက် အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ပထမပိုင်းပွဲကစားချိန် ၃၈ မိနစ် တွင် I.S.P.E အသင်းမှ လင်းထက်စိုးက ဦးဆောင်ဂိုးကို စတင်သွင်းယူ ပေးနိုင်ခဲ့ပြီး ပထမပိုင်းအပြီးတွင် ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်လျက်ရှိသည်။
ဒုတိယပိုင်းတွင် နှစ်ဖက်အသင်းများမှာ အကြိတ်အနယ်ရှိခဲ့ပြီး I.S.P.E အသင်းမှာ ဘောလုံးပိုင်ဆိုင်မှု အများဆုံးဖြင့် ဟံသာဝတီယူနိုက်တက် အသင်းဘက်ကို ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့သော်လည်း ထပ်မံဂိုးသွင်းနိုင်ခြင်း မရှိသဖြင့် I.S.P.E အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ဇူလိုင် ၁၀ ရက်(ယနေ့)တွင် မဟာယူနိုက်တက် FC အသင်းနှင့် ဧရာဝတီ ယူနိုင်တက် FC အသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။