ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက လက်ရှိနွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် အသင်းမှ ထွက်ခွာရန် ကြိုးပမ်းလျက်ရှိပြီး ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန် ကြိုးပမ်း ခဲ့သော်လည်း အသင်းဘဏ္ဍာရေးအကျပ် အတည်းကြောင့် ကြန့်ကြာနေသည့်အတွက် ယခုအခါ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်နေကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ် အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေ သေးသော်လည်း လက်ရှိကစားသမား အပြောင်းအရွှေ့ကာလ အစပိုင်းကတည်းက အသင်းမှ ထွက်ခွာခွင့် တောင်းဆိုခဲ့ပြီးနောက် ဘာစီလိုနာ အသင်းသို့ပြောင်းရွှေ့ကစားရန် ကြိုးပမ်းခဲ့ပြီး ဘာစီ လိုနာ အသင်းဘက်ကလည်း တရားဝင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ် အသင်းက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းက လီဝန်ဒေါစကီးအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံး ယူရို သန်း ၅၀ ခန့် အထိ အလိုရှိနေသော်လည်း ဘာစီလိုနာအသင်း အနေဖြင့် အသင်းဘဏ္ဍာရေးအကျပ်အတည်းကြောင့် အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ခြင်း မရှိသဖြင့် အပြောင်းအရွှေ့ဖြစ်မြောက်ရန် ကြန့်ကြာနေခြင်း ဖြစ်သည်။
ထို့ကြောင့် လီဝန်ဒေါစကီးအနေဖြင့် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ကစားရန် ပျက်ပြယ်ဖွယ်ရှိနေ သည့်အတွက် လက်ရှိတွင် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်လျက်ရှိသည်။
အသင်းတိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းရန် လိုအပ်နေသည့် ချယ်လ်ဆီးအသင်းကလည်း မန်စီးတီး အသင်းမှ စတာလင်းကိုခေါ်ယူရန် သဘောတူညီမှုရရှိထားပြီး ဖြစ်သော်လည်း တိုက်စစ်ကစား သမားတစ်ဦး ထပ်မံခေါ်ယူရန် ပြင်ဆင်နေပြီး လီဝန်ဒေါစကီးနှင့် ဘာစီလိုနာအသင်းတို့၏ အခြေအနေကို စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။
Ref;Bild