ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဇူလိုင် ၁၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကာ   ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်  ၈ နာရီမှစတင်၍ နှစ်ယောက်တွဲအဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲပွဲစဉ်များ  ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ယနေ့ပွဲစဉ်များအဖြစ် ကချင်ပြည်နယ် အသင်းက ချင်းပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက  ရှမ်းပြည်နယ်အသင်းကို၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက  ပဲခူးတိုင်းဒေသကြီး အသင်းကို  ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊  မကွေးတိုင်းဒေသကြီး အသင်းက ကယားပြည်နယ် အသင်းကို  ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်း ကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်း ကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည် နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၂ ပွဲ ပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ကယားပြည်နယ် အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

 ဆက်လက်၍ နှစ်ယောက်တွဲအဖွဲ့လိုက် (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်း ကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်း  ဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို ၂ ပွဲပြတ်ဖြင့်လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊  မကွေးတိုင်းဒေသကြီး အသင်းက ရခိုင်ပြည် နယ်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက နေပြည် တော်ကောင်စီနယ်မြေအသင်းကို ၂ ပွဲပြတ် ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲ ၁ပွဲဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

 အဆိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို  ဇူလိုင် ၁၂ ရက် (ယနေ့)တွင် နှစ်ယောက်တွဲ အဖွဲ့လိုက် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံ၌ နံနက် ၈ နာရီမှစတင်၍ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။    

ကျော်လွင်