Realme ကုမ္ပဏီဟာ မေလတုန်းက သူတို့ရဲ့ပထမဆုံး Smart TV ကို မိတ်ဆက်ပြသလိုက်ပါတယ်။ အခုတော့ သူတို့အတွက်ပထမဆုံး 4K TV ကို ထပ်မံထုတ်ဖော်ပြသ လိုက်ပါတယ်။
၅၅ လက်မရှိတဲ့ အဲဒီ 4K TV ဟာ SLED နည်းပညာကို အသုံးပြုထားတာကြောင့် ကမ္ဘာ့ပထမဆုံး SLED 4K TV ဖြစ်လာစေပါတယ်။
ဒီဇိုင်းပိုင်းမှာတော့ ဖန်သားပြင်မှသည် ကိုယ်ထည်အထိအချိုးက ၉၄ ဒသမ ၆ ရာခိုင်နှုန်းရှိတဲ့အတွက် TV ရဲ့အနားသတ်က မရှိသလောက်ပါပဲ။ Chrome Boost ရုပ်ထွက်အင်ဂျင်ကို အသုံးပြုထားတာကြောင့် ရုပ်ရှင်ဇာတ်ကားကောင်းများ အတွက် အကောင်းဆုံးသော ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာပါ။
ဒါ့အပြင် ပထမမျိုးဆက် TV တွေမှာ မပါဝင်တဲ့ HDR10+ ကိုလည်း ဒီ TV မှာ ထောက်ပံ့ပေးထားပါသေးတယ်။ အသံပိုင်း အနေနဲ့ကတော့ 24W ရှိတဲ့ စပီကာလေးလုံးကို Dolby Audio စနစ်နဲ့ တွဲဖက်ပြီး တပ်ဆင်ပေးထားပါတယ်။
နွေဦး