ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင် - ၁၃
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့၊ အေးစေတီပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ရာ အဆိုပါ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသောမ အမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အေးစေတီပရိယတ္တိစာသင်တိုက် ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများ၊ ဆေးဝါးများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဘူးသီးတောင်မြို့နယ်၊ သံဃာ့နာယကဉက္ကဋ္ဌ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော် သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တဝါရိန္ဒ ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဘူးသီးတောင် မြို့၊ လက်ဝဲဒက်ပုဇွန်ချောင်းရှိ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများ ကို ကြည့်ရှုအားပေးကြပြီး ကျောင်းဆောင်အတွင်းလှည့်လည်ကြည့်ရှုကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဘူးသီးတောင် မြို့၊ ဦးဉတ္တမခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွဲ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသတည် ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြကာ တိုင်းမှူးက ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသား လူမျိုးစုအလိုက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား တိုင်းရင်းသားဝတ်စုံများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။