တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း

တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း

၁။     လျှောက်ထားသူသည်-

     ( က ) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ် ၆လထက် မကြီးရ။

     ( ခ )  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

     (ဂ )  အနည်းဆုံးအရပ် (၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ)ထက်မနည်းရ၊ပေါင်(၁၃ဝ) ထက်မကျော်ရ။

     ( ဃ ) မျက်မှန်တပ်ဆင်ထားသူများ မဖြစ်စေရ။

     ( င )  ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။

၂။     လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့မှစ၍ အခမဲ့ရယူနိုင်သည်။

၃။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံ ပူးတွဲတင်ပြရမည်။

၄။ လျှောက်လွှာကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သော တိုင်းစစ်ဌာနချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။

၅။ သတ်မှတ်ချက်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသာ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုကြရမည်။

၆။ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲတွင် တက္ကသိုလ်ဝင် စာမေးပွဲသင်ရိုး ညွှန်းတမ်းအတိုင်း အောက်ပါ ဘာသာရပ်များကို ဖြေဆိုကြရမည်-

     ( က ) အင်္ဂလိပ်စာ။

     ( ခ )  ဇီဝဗေဒ။

၇။  ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်နေ့တွင် မိမိတို့လျှောက်လွှာ တင်သွင်းရာ တိုင်းစစ်ဌာနချုပ်တည်ရှိသည့်မြို့၌ ဖြေဆိုကြရမည်။

၈။  ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရမည့် နေရာနှင့်အချိန်ကို သတင်းစာမှ ကြော်ငြာပေးမည်။

၉။    ဖြေဆိုရမည့်ခုံအမှတ်မှာ လျှောက်လွှာတွင်ဖော်ပြထားသည့် ခုံအမှတ်အတိုင်းဖြစ်သည်။

၁၀။  ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက် အစစ်ဆေးခံရမည်။ တပ်မတော်ဗိုလ်ရွေး အဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် အချိန်မီပေးပို့သွားမည်။

၁၁။  သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်း မပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက် ရေးသား ဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။ မိမိတို့ လျှောက်လွှာ တင်သွင်းသည့်ဌာနတွင် ရွေးချယ်ခြင်း ခံရသည်/မခံရ  သည်ကို သွားရောက်စုံစမ်း မေးမြန်းနိုင်သည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)