၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်
နေပြည်တော် ဇူလိုင် ၁၄
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံ၌ ယနေ့နံနက် ၈ နာရီမှစတင်၍ ဆက်လက်ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့သည်။
သုံးယောက်တွဲ အဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များတွင် မန္တလေးတိုင်း ဒေသကြီး အသင်းက နေပြည်တော်ကောင်စီနယ်မြေ အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်း ကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ကယားပြည်နယ် အသင်းကိုနှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ချင်းပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
ကွာတားဖိုင်နယ်ပွဲများတွင် မန္တလေးတိုင်း ဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ရခိုင်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အသင်းက မွန်ပြည်နယ် အသင်းကို နှစ်ပွဲတစ်ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အသင်းက ကချင်ပြည်နယ် အသင်းကိုနှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်တွင် ရခိုင်ပြည်နယ် အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ် အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက နေပြည်တော် ကောင်စီနယ်မြေအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပြီး ကွာတားဖိုင်နယ်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။