၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆက်လက် ကျင်းပ
နေပြည်တော် ဇူလိုင် ၁၄
၂၀၂၂ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B)ရုံ၌ ယနေ့နံနက် ၈ နာရီမှစတင်၍ အမျိုးသား/အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များ ဆက်လက် ကျင်းပသည်။
ယနေ့ပွဲစဉ်များတွင် အမျိုးသမီးပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပြီး အမျိုးသား ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအသင်းက ပြန်ကြားရေး ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန အသင်းကို ၃ ပွဲ ၂ ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကြောင်း သိရသည်။