တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကချင်ပြည်နယ်အတွင်း ရှိ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်
နေပြည်တော်၊ ဇူလိုင် - ၁၅
ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက် ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် ပြည်နယ်အဆင့် သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ ၁၀ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၃၆ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၅၇ ဦး၊ အောင်ချက်အကောင်းဆုံးမြို့နယ်၊ အောင်ချက် အကောင်းဆုံးကျောင်း၊ ဂုဏ်ထူးအများဆုံးရကျောင်း၊ အောင်ချက်အကောင်းဆုံး ကိုယ်ပိုင်ကျောင်းနှင့် ဘာသာရပ်အလိုက်ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပေး သည့် ဆရာ၊ ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ် ချီးမြှင့်ပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူး တင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။