ရန်ကုန်မြစ်အတွင်း စက်ပျက်၍ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ကျားပိုက်ငါးဖမ်းလှေ မှ လှေသားများအား တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်
နေပြည်တော် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၂၇ မိုင်ခန့် အကွာရှိ ရန်ကုန်မြစ်အတွင်း၌ ဇူလိုင် ၁၄ ရက် ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် စက်ပျက်၍ သောင်တင်ကာ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ကျားပိုက်ငှားဖမ်းလှေမှ လှေသား ၂၂ ဦးအား နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြစ်အတွင်း စက်ပျက်၍ သောင်တင်ကာ ရေဝင်နစ်မြုပ်လျက်ရှိသည့် အိဖြိုးရတနာ(၃)အမည်ရှိ ကျားပိုက်ငှားဖမ်းလှေမှ လှေသား ၂၂ ဦးအား တပ်မတော် စစ်ရေယာဉ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာ ပေးအပ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။