တောင်ကျချောင်းရေတိုက်စားပြီး ပျက်စီးမှုများကြောင့် သွားလာရေးအခက်အခဲဖြစ် ပေါ်နေသည့် လားရှိုးမြို့နှင့် မန်စန်ရေကျကျေးရွာသွားကားလမ်းအား တပ်မတော်သား များက ယာယီပြင်ဆင်မှုများ ပြုလုပ်ပေး

တောင်ကျချောင်းရေတိုက်စားပြီး ပျက်စီးမှုများကြောင့် သွားလာရေးအခက်အခဲဖြစ် ပေါ်နေသည့် လားရှိုးမြို့နှင့် မန်စန်ရေကျကျေးရွာသွားကားလမ်းအား တပ်မတော်သား များက ယာယီပြင်ဆင်မှုများ ပြုလုပ်ပေး

နေပြည်တော်၊ ဇူလိုင် - ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် မိုး သည်းထန်စွာရွာသွန်းပြီး လားရှိုးမြို့နှင့် မန်စန်ရေကျကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာသွားကားလမ်းရှိ ခိုက်တွေရွာနှင့် ရှန်ခိုက်ရွာကြား လမ်းပိုင်းသည်  တောင်ကျ ချောင်းရေတိုက်စားမှုကြောင့် ပျက်စီး၍ ခရီးသွားပြည်သူများအတွက် လမ်းပန်းဆက် သွယ်ရေး အခက်အခဲများဖြစ်ပေါ်ခဲ့ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊  နယ်မြေခံ တပ်မတော်သားများက ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ပေးသည်။

အဆိုပါ ကားလမ်းပျက်စီးမှုကို ခရီးသွားပြည်သူများ သွားလာအသုံးပြုနိုင်ရန် အတွက် နယ်မြေခံတပ်မတော်သားများက ယာယီပြင်ဆင်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။