ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19  ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် နဝမအကြိမ် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ထွက်ခွာ

နေပြည်တော်၊ အောက်တိုဘာ - ၁၀

   

COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန်  ဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများနှင့် ဆေးမှူးဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့များက ပါဝင်ကူညီ တာဝန်ထမ်းဆောင်လျက်ရှိ သည်။

   

ယနေ့နံနက်ပိုင်းတွင် အဆိုပါ လှည်းကူးမြို့နယ်၊ COVID-19  ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် နဝမအကြိမ်အဖြစ် သွားရောက် တာဝန်လဲလှယ်ထမ်းဆောင်ကြမည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် တပ်မတော်ဆေးတက္ကသိုလ်မှ COVID-19 ရောဂါကုသရေး ဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။

   

လှည်းကူးမြို့နယ် COVID-19  ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တပ်မတော်မှ ဆေးအဖွဲ့များ သွားရောက် တာဝန်ထမ်းဆောင်မှု အနေဖြင့် ဧပြီ ၁၉ ရက်တွင် ပထမအကြိမ်၊ မေ ရက်တွင် ဒုတိယအကြိမ်၊ မေ ၃၀ ရက်တွင် တတိယအကြိမ်၊ ဇွန် ၂၀ ရက်တွင် စတုတ္ထအကြိမ်၊ ဇူလိုင် ၁၁ ရက်တွင် ပဉ္စမအကြိမ်၊ သြဂုတ် ရက်တွင် ဆဌမအကြိမ်၊ သြဂုတ် ၂၂ ရက်တွင် သတ္တမအကြိမ်၊ စက်တင်ဘာ ၁၂ ရက်တွင် အဋ္ဌမအကြိမ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြပြီး ယခုအကြိမ် အပါအဝင် စုစုပေါင်း ကြိမ် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။