မန်စီးတီးအသင်း အဓိက ကစားသမားများဖြစ်သည့် ဖိုဒန် ဂန်ဒိုဂန်နှင့် ဂျွန်စတုန်းတို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထား ခြင်းမရှိသည့်အတွက် အမေရိကန်ခရီးစဉ်ကိုလိုက်ပါခွင့်မရရှိ

မန်စီးတီးအသင်း အဓိက ကစားသမားများဖြစ်သည့် ဖိုဒန် ဂန်ဒိုဂန်နှင့် ဂျွန်စတုန်းတို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထား ခြင်းမရှိသည့်အတွက် အမေရိကန်ခရီးစဉ်ကိုလိုက်ပါခွင့်မရရှိ

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်း အဓိက ကစားသမားများဖြစ်သည့် တောင်ပံကစားသမား ဖိုဒန်၊ ကွင်းလယ်ကစားသမား ဂန်ဒိုဂန်နှင့် ခံစစ် ကစားသမား ဂျွန်စတုန်းတို့အနေ ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်း မရှိသည့်အတွက် အမေရိကန် ခရီးစဉ်ကို လိုက်ပါခွင့် မရရှိခဲ့ကြောင်း သိရသည်။

အမေရိကန်သည် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းအရ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် တားမြစ် ထားသည့်အတွက် ဖိုဒန်၊ ဂန်ဒိုဂန်နှင့် ဂျွန်စတုန်းတို့အနေဖြင့် အသင်းနှင့်အတူ ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါခွင့်မရရှိခဲ့ ခြင်းဖြစ်သည်။

သို့သော် ဖိုဒန်၊ ဂန်ဒိုဂန်နှင့် ဂျွန်စတုန်းတို့အနေဖြင့် အသင်းနှင့်အတူ အမေရိကန်ခရီးစဉ်ကို လိုက်ပါနိုင်မည်မဟုတ်သော်လည်း မန်စီးတီးယူ-၂၃ အသင်းနှင့်အတူ ဥရောပရာသီကြိုခြေစမ်းပွဲခရီးစဉ်ကို လိုက်ပါမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲရှိ ထိပ်တန်း အသင်းကြီးများမှ ကစားသမားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ငြင်းဆိုထားသူများရှိပြီး အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကိုယ်တိုင်ကလည်း ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများ ကို နိုဝင်ဘာလအတွင်းကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွက် ရွေးချယ်မည်မဟုတ်သောကြောင့် ဖိုဒန်အတွက် အခက်တွေ့လာဖွယ်ရှိကြောင်း သိရသည်။    

Ref;Goal.com