ပြည်တပ်နယ်မှ တပ်မတော်သားများက ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၀

   

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီး၌ သွေးမျိုးစုံလိုအပ်လျက်ရှိကြောင်း သိရှိရသည့်အတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် ပြည်တပ်နယ်၊ နဝဒေးခန်းမ၌ စုပေါင်းသွေး လှူဒါန်းကြသည်။

   

ထိုသို့ လှူဒါန်းရာတွင် အရာရှိ၊ စစ်သည်များနှင့် အရပ်သားဝန်ထမ်း စုစုပေါင်း ၆၅ ဦးတို့က သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်းသွေးလှူဒါန်းကြပြီး ထိုသို့ သွေးလှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။