ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

နေပြည်တော်   ဇူလိုင်  ၁၇

ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း  ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ပုဗ္ဗသီရိမြို့နယ်ရှိ ရတနာပုံ(ဂုံမင်းကွင်း)ကျောင်းတိုက်သို့ လည်းကောင်း၊စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်ရှိ သာသနာ့ရောင်ခြည် စာသင်တိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ လောကနန္ဒာ ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ သာသနာ့ရောင်ခြည် ကျောင်းတိုက်နှင့် ကော့သောင်းမြို့နယ်ရှိ ရွှေပြည်သာကျောင်းတိုက်တို့သို့ လည်းကောင်း   ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော် ကောင်စီနယ်မြေနှင့်   တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ    တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။