ဉပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်း ပေးအပ်

ဉပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်း ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၁၈

        တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဉပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ လက်နက်၊ ခဲယမ်းများနှင့်အတူ ဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအား ကြိုဆို လက်ခံ၍ လက်နက်၊ ခဲယမ်းများလွှဲပြောင်း လက်ခံ ရယူပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံ လွှဲပြောင်းအပ်နှံခြင်းကို ပြုလုပ်ကြသည်။

        ဦးစွာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မ များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ဝင်ရောက် ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ဘုတ်ပြင်းမြို့နယ်နှင့် တနင်္သာရီ မြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့သယ်ဆောင်လာသည့်လက်နက်၊ ခဲယမ်းများကို လွှဲပြောင်းရယူ၍ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းအပ်နှံပေးကြ ပြီး မိဘအုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

        PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြု မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီး၌ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင် ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။