မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် မသန်စွမ်း ၁ ဦးအား ဖွံ့ဖြိုးမှုပညာမဟာဘွဲ့(MDevS)သင်တန်းတက်ရောက်ရန်အတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် မသန်စွမ်း ၁ ဦးအား ဖွံ့ဖြိုးမှုပညာမဟာဘွဲ့(MDevS)သင်တန်းတက်ရောက်ရန်အတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီး မျိုးမြတ်အောင် (အငြိမ်းစား)အား ဖွံ့ဖြိုးမှုပညာမဟာဘွဲ့(MDevS)သင်တန်း တက်ရောက်ရန်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမ ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ တက် ရောက်ကြသည်။
ဦးစွာ ဗိုလ်ကြီး မျိုးမြတ်အောင် (အငြိမ်းစား)၏ ကိုယ်ရေးအချက်အလက်များကို ဖတ်ကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့(ဗဟိုဌာနချုပ်)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား)က ပညာသင်ဆုထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အဆိုပါအရာရှိသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်း ဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှတစ်ဆင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းတာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်းအရာရှိသည် မလေးရှားနိုင်ငံ မလေးယားတက္ကသိုလ်မှ ပြည်သူ့ရေးရာမူဝါဒမဟာဘွဲ့ကို ဂုဏ်ထူး ၇ ခုဖြင့် အောင်မြင်ခဲ့ပြီး လက်ရှိပညာ သင်နှစ်တွင် မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ ခေါ်ယူသည့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ ဝင်ခွင့်စာမေးပွဲအောင်မြင်၍ တက်ရောက်နေပြီဖြစ်သဖြင့် ယခုကဲ့သို့ ဂုဏ်ပြုရခြင်းဖြစ် ကြောင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက ပညာသင်ထောက်ပံ့ငွေကျပ် ၂၈ သိန်းကို ပေးအပ်ချီးမြှင့်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီး မျိုးမြတ်အောင် (အငြိမ်းစား)က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။