အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲတွင် ဗထူးတပ်နယ် ကိုယ်စားပြုအသင်းက ဒိုင်းဆုရရှိ

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲတွင် ဗထူးတပ်နယ် ကိုယ်စားပြုအသင်းက ဒိုင်းဆုရရှိ

နေပြည်တော်  ဇူလိုင်  ၁၈

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊  တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ဗထူးတပ်မြို့ရှိ နယ်မြေခံသင်တန်း ကျောင်း အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့်  အားကစားဝါသနာ ရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များ ဖြစ်သည့် ဓားနှစ်လက်အတိုက်ပြိုင်ပွဲ၊ ပန်ကြပ်ဆီလပ်အတိုက်ပြိုင်ပွဲ၊ ဓားတစ်လက် အတိုက်ပြိုင်ပွဲနှင့် ဗန်တိုအတိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုများကို  ကြည့်ရှုအားပေးကြသည်။

ထို့နောက်    ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက်ဆုရရှိကြသူများနှင့်   ဒိုင်းဆုရရှိသည့် ဗထူးတပ်နယ်ကိုယ်စားပြု အသင်းတို့အား  တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါပြိုင်ပွဲကို   တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် ဇူလိုင် ၁၁ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။