သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေပေါ်မှ လှေသားများအား တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်

သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေပေါ်မှ လှေသားများအား တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်

နေပြည်တော်၊ ဇူလိုင် - ၁၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်မတော်စစ်ရေယာဉ်သည် ယနေ့နံနက် ၁ နာရီခန့်တွင် အပေါ်ရီကျွန်း ၏ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၌ ရေဝင်နစ်မြုပ်လျက်ရှိသော ငါးဖမ်း စက်လှေ ၁ စီးအား တွေ့ရှိသဖြင့် ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ငါးဖမ်းစက်လှေသည် လှေသား ၅ ဦးလိုက်ပါ၍ ဇူလိုင် ၁၈ ရက်ညနေပိုင်း တွင် သဗြုချိုင်ကျေးရွာမှ ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာလာစဉ် လှေဦး အောက်ခြေမှ ပွင့်ထွက်၍ ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်စစ်ရေယာဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လှေသားများအား စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး စားသောက် ဖွယ်ရာများပေးအပ်ကာ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။