၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများနှင့် စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံလေ့‌လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများနှင့် စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံလေ့‌လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ရန်ကုန် ဇူလိုင် ၁၉

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာ စေရန် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ပညာရေးကဏ္ဍမြှင့်တင်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်ရန် တပ်မတော်သားများနှင့်တပ်မတော်သားမိသားစုဝင်များ ပညာရည်မြှင့်တင်ရေးကို အလေး ထားဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များအား နိုင်ငံတကာဗဟုသုတတိုးပွား စေရန်၊ နိုင်ငံတကာယဉ်ကျေးမှုနှင့်အသိပညာများ လေ့လာသိရှိနိုင်စေရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လမ်းညွှန်မှုဖြင့် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့လေ့လာရေး ခရီးစဉ်သွားရောက်ခဲ့သော ကျောင်းသား၊ကျောင်းသူများနှင့်စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူ ငယ်မောင်မယ်များလေ့လာရေးအဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိကြသည်။

အဆိုပါ လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တပ်မတော် အရာရှိကြီးများ၊ ထူးချွန်ကျောင်းသား၊ကျောင်းသူများ၏ မိဘဆွေမျိုးများနှင့် တာဝန်ရှိသူတို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

လေ့လာရေးအဖွဲ့သည် ဇူလိုင် ၁၅ ရက်မှ ၁၆ ရက်အထိ စင်ကာပူနိုင်ငံရှိ Garden by the Bay ဉယျာဉ်တွင် သွားရောက်လေ့လာခြင်း၊ Merlion ပန်းခြံတွင်လည်ပတ်ခြင်းနှင့် စင်ကာပူနိုင်ငံ၏ အထင်ကရနေရာMerlionရုပ်ထုကြီးဖြင့် မှတ်တမ်းတင်ခြင်း၊ မြေအောက်ရထားစီး၍ သွားရောက် လည်ပတ်ခြင်း၊  စင်ကာပူအမျိုးသားတက္ကသိုလ်သို့သွားရောက်လေ့လာခြင်း၊ NayangTechnological University(NTU)သို့ သွားရောက်လေ့လာခြင်း၊ Science Center သို့သွားရောက်လည်ပတ်ခြင်း၊ See Aquarium သို့သွားရောက်လေ့လာခြင်း၊ Vivo City တွင်စျေးဝယ်ခြင်း၊ Assumption University သို့သွားရောက်လေ့လာခဲ့ကြသည်။

ထို့နောက် ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြဘုရား အား သွားရောက်ဖူးမြော်ခြင်း၊ ငါးပြတိုက်သို့သွားရောက်လေ့လာ၊ Madame Tussauds သို့လေ့လာရေး သွားရောက်ခြင်း၊ ကျောက်ဖရားမြစ် River City မှ ရှေးဟောင်းသမိုင်းဝင် အရုဏ်ဦးဘုရားဆီသို့ ဘန်ကောက်မြို့အလှရှုခင်းများအားလှေစီး၍လေ့လာခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ လေ့လာရေးအဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးတင်ဇော်လတ် ဦးဆောင်သော စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူ ၃၀ ဦး၊ အမှတ်အများဆုံးရရှိသော စစ်သည်သုံးဦး၊ အောင်ချက်အကောင်းဆုံးဆုရကျောင်းအုပ်နှစ်ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင်သုံးဦး စုစုပေါင်း ၃၈ ဦး လိုက်ပါခဲ့ကြပြီး ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်ထိ လေ့လာလည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။