စစ်တွေမြို့ရှိ ဓမ္မာစရိယ တက္ကသိုလ်ကျောင်းတိုက်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်တို့၌ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပွဲများပြုလုပ်

စစ်တွေမြို့ရှိ ဓမ္မာစရိယ တက္ကသိုလ်ကျောင်းတိုက်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်တို့၌ သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပွဲများပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဓမ္မာစရိယ တက္ကသိုလ်ကျောင်းတိုက်ရှိ သံဃာတော် များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ဓမ္မာ စရိယ တက္ကသိုလ်များနှင့် ဓမ္မာစရိယဥယျာဉ်ကျောင်းတိုက် တို့၏ နာယကချုပ် ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာ တော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် နာယကချုပ် ဆရာတော် ထံမှ အနုမောဒနာ တရားနာယူကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အလားတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းကို မန္တလေးတို်ငးဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော် ၌ ပြုလုပ်ရာ မန္တလေးမြို့၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇနပီယ အမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မိတ္ထီလာ ကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် သံဃာတော် များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ကြပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မဟာဓမ္မိကာ ရာမတိုက် ရတနာပုံကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ ထံမှ အနု မောဒနာတရား နာယူကြကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် မန္တလေးမြို့၊ မင်္ဂလာ ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် သက်တော် ၉၀ နှစ်၊ သိက္ခာတော် ၇၀ ဝါရှိ နိုင်ငံတော်ဩဝါဒါစရိယ၊ မြတောင်ကျောင်းတိုက်၊ အဓိပတိမဟာနာယက၊ သမ္မတ စာချကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအင်္ကုရ အား သွားရောက်ဖူမြော်၍ ကျန်းမာရေးတိုးတက်မှုအခြေအနေများအား မေးမြန်းလျှောက်ထားပြီး နဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။