တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင်  စစ်မှုထမ်းဆောင်ရန် အခြားအဆင့်အမျိုးသမီး စစ်မှုထမ်းများ အလိုရှိသည်

တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့်အမျိုးသမီး စစ်မှုထမ်းများ အလိုရှိသည်

၁။    လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

                               (က)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

                               (ခ)     လျှောက်ထားသူသည် ၁-၁-၂ဝ၂၁ ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး  အသက်(၂၅)နှစ် ထက် မကြီးရ။

                               (ဂ)    အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။

                              (ဃ)   အနည်းဆုံး အရပ်(၅)ပေ(၂)လက်မ၊ ကိုယ်အလေးချိန် ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။

                                          (အထက်ပါအတိုင်း ကိုယ်အလေးချိန်သတ်မှတ်ထားသော်လည်း အသက်ငယ်ရွယ်သူများ ဖြစ်သဖြင့် ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)

၂။    လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal (www.myawady.net.mm/private(female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများ နှင့်အတူ ၁၂-၁၀-၂၀၂၀ ရက်နေ့မှ ၁၀-၁၁-၂၀၂၀ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

       (က)     နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)။   

                               (ခ)      အခြေခံပညာအဋ္ဌမတန်းအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းထွက်လက်မှတ်(မူရင်း)နှင့်  ဒီပလိုမာ/ဘွဲ့ရရှိပြီးသူများဖြစ်ပါက ဒီပလိုမာ/ဘွဲ့လက်မှတ်(မူရင်း)။

                               (ဂ)     အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး/ မြို့နယ်ရဲတပ်ဖွဲ့  စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။

                               (ဃ)     တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

                               (င)     အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

                               (စ)     မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။  

၃။     ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာရရှိသူများသည် သတ်မှတ်ရက်အတွင်း လျှောက်ထား ခဲ့သည့် စစ်ဌာနချုပ်များသို့ သတင်းပို့ရမည်။ ရွေးချယ်ခံရသူများသည် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးစစ်အောင်မြင်သူများအား သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။

၄။    အခြေခံတပ်သားသစ်သင်တန်းကို ၄ လ တက်ရောက်ရမည်။ သင်တန်းတက်ရောက်နေစဉ်ကာလ အတွင်း တပ်သားသစ်လစာ (၁၄၄ဝဝဝ)ကျပ် ကိုခံစားခွင့်ပြုမည်။ သင်တန်းပြီးဆုံးပါက[တပ်သား အခြေခံလစာ (၁၅ဝဝဝဝ)ကျပ်နှင့်  M.H.R.A (၁ဝဝဝဝ)ကျပ်၊ စုစုပေါင်း (၁၆ဝဝဝဝ)ကျပ်] ခံစားခွင့် ရရှိမည်။

၅။    အခြေခံတပ်သားသစ်သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း မိမိတာဝန်ထမ်းဆောင်လိုသည့် တပ်မတော်(ကြည်း၊ရေ၊လေ)လက်ရုံး/ဝန်ထမ်း တပ်ဖွဲ့တစ်ခုခုသို့ ဆန္ဒပြုရွေးချယ်နိုင်ပြီး၊ သင်တန်းဆင်းပြီး သတ်မှတ်ချက် ကိုက်ညီပါက မိမိဆန္ဒပြုရွေးချယ်ထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့(သို့မဟုတ်) သင့်လျော်ရာလက်ရုံးဝန်ထမ်းတပ်ဖွဲ့ တစ်ခုခုတွင် တာဝန်ထမ်းဆောင်ရမည်။

မှတ်ချက်။     အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။

Download Form