ဗိုလ်လောင်းလျှောက်လွှာများ
အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း
စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် အမျိုးသမီးဗိုလ်လောင်း လျှောက်လွှာများအား ၂၂-၆-၂၀၂၂ ရက်နေ့မှစ၍ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ထုတ်ပေးလျက်ရှိရာ ၅-၈-၂၀၂၂ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည် ဖြစ်ပါသဖြင့် လျှောက်လွှာ ထုတ်ယူလိုသူများ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် သွားရောက် ထုတ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာ ထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား မိမိတို့ လျှောက်လွှာထုတ်ယူရရှိသည့် တိုင်းစစ်ဌာနချုပ်များသို့ လျှောက်လွှာပိတ်ရက်မတိုင်မီ အချိန်မီပြန်လည် တင်သွင်းကြရန် အသိပေး နှိုးဆော်အပ်ပါသည်။ အသေးစိတ်သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်းနံပါတ် ၀၃၆-၃၀၃၃၁၊ ၀၃၆-၃၀၃၃၈)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)