ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၀

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ဆောင်ရွက်နေသည့် ကာလအတွင်း  ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန်  ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း  အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊  ပုဗ္ဗသီရိမြို့နယ်ရှိ မရှိခဏဓမ္မ ရောင်ခြည်ကျောင်းတိုက်သို့ လည်းကောင်း၊   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဝါဆိုဦးကျောင်းတိုက်သို့ လည်းကောင်း၊   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အုတ်ကန်တောရ စာသင်တိုက်သို့လည်းကောင်း၊    ရခိုင်

ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ  ပဏ္ဍိတအောင်မြေကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊     နောင်ချိုမြို့နယ်ရှိ ဟော်တော်ကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ရွာလယ်ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေနှင့်  တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။