တိုက်စစ်မှူးနေမာကို ရောင်းချရန် အသင်းကြီးတချို့ထံ ကမ်းလှမ်းမှုများ ပြုလုပ်သော်လည်း လုပ်ခလစာမြင့်မားစွာ ပေးချေရမည် ဖြစ်သည့်အတွက် ခေါ်ယူမည့်အသင်း မရှိဖြစ်နေ
ပီအက်စ်ဂျီအသင်းက တိုက်စစ်မှူးနေမာကို ရောင်းချရန် အသင်းကြီးတချို့ထံ ကမ်းလှမ်းမှုများပြုလုပ်သော် လည်း လုပ်ခလစာမြင့်မားစွာ ပေးချေရမည် ဖြစ်သည့်အတွက် ခေါ်ယူမည့်အသင်းမရှိဖြစ်နေကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းက နေမာနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသော်လည်း တိုက် စစ်မှူး အမ်ဘတ်ပီကို မြင့်မားသည့် လုပ်ခလစာတစ်ရပ်ဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီးနောက် အသင်း အသုံးစရိတ်ကို လျှော့ချလိုနေသည့်အတွက် မြင့်မား သည့်လုပ်ခလစာပေးချေနေရသော နေမာကို လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလတွင်ပင် ရောင်းချရန် အသင်းကြီးတချို့ထံ ကမ်းလှမ်းမှုများပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
ပီအက်စ်ဂျီအသင်းက လက်ရှိကစားသမားအပြောင်း အရွှေ့ကာလအတွင်း လိုအပ်သည့်နေရာများ၌ ကစား သမားသစ်များခေါ်ယူထားသည့်အတွက် နေမာကို မဖြစ်မနေရောင်းချမည်ဖြစ်သည်။
ပီအက်စ်ဂျီအသင်းက နေမာကိုရောင်းချရန် အစောပိုင်းကတည်းက ကြေညာထားခြင်းဖြစ်သော်လည်း ၎င်းင်း၏ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ခြောက် သိန်းအထိ ပေးချေနေရသည့်အတွက် ခေါ်ယူလိုသည့် အသင်းမရှိဖြစ်နေသောကြောင့် ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုသည့်အသင်းများကို ကမ်းလှမ်းမှုများ ပြုလုပ်နေသော်လည်း နေမာကိုယ်တိုင်က အသင်းမှ ထွက်ခွာရန် အစီအစဉ်မရှိသေးဘဲ စာချုပ်ပါအတိုင်း အသင်း၌သာ ဆက်လက်ကစားရန် ဆုံးဖြတ်ထား ကြောင်း သိရသည်။
Ref;Le Parisien