အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲ ပြုလုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၁

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား၊ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် စက်ပစ်ကွင်း(ပြင်ဦးလွင်မြို့)၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက် ကြသည်။

ဆက်လက်၍ ဆုပေးပွဲကို ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆု ရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသည့် ပြင်ဦးလွင်တပ်နယ်အသင်း တို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ငွေသားဆုများကို အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီးအသင်း ၁၃ သင်းတို့ဖြင့် ဇူလိုင် ၁၃ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြကြောင်း သတင်းရရှိသည်။