ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲ ဆက်လက်ကျင်းပ
နေပြည်တော် ဇူလိုင် ၂၁
၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား) ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် အားကစားဝါသနာရှင်များ တက် ရောက်ကြည့်ရှု အားပေးကြသည်။
ပိုက်ကျော်ခြင်း(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီး ဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အသင်း ကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ စွမ်းအင်ဝန် ကြီးဌာနအသင်းက အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင်ရုံး အသင်းကို နှစ်ပွဲပြတ် ဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ် ဖြင့် လည်းကောင်း၊ နေပြည်တော်စည်ပင် အသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းက ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန အသင်းက ကာကွယ်ရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။
ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲများကို ဇူလိုင်၂၉ ရက် အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း (B) ရုံ၌ နေ့စဉ်နံနက် ၉ နာရီမှ စတင်၍ အုပ်စုပတ်လည်ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။