ပြည်နယ်နှင့် တိုင်းဒေသကြီး ယူ-၁၉(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ

ပြည်နယ်နှင့် တိုင်းဒေသကြီး ယူ-၁၉(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ

နေပြည်တော်  ဇူလိုင်  ၂၁

၂၀၂၂ ခုနှစ်  ပြည်နယ်နှင့် တိုင်းဒေသကြီး  ယူ-၁၉  (အမျိုးသား) ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်းအမှတ်(၁)နှင့် (၃)၌ ဆက်လက်ယှဉ် ပြိုင်ကစားကြသည်။

   ပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန လူငယ်ရေးရာ ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ် များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း ကွင်းအမှတ်(၁)၌ ရှမ်းပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းတို့ ယှဉ် ပြိုင်ကစားကြရာ  ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊    ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း အမှတ်(၃)၌ ပဲခူး တိုင်းဒေသကြီး အသင်းနှင့် ချင်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်း ဒေသကြီးအသင်းက ချင်းပြည်နယ်အသင်း ကို  ၄ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း  အနိုင်ရရှိကြသည်။

ဇူလိုင်၂၂ ရက်(ယနေ့)တွင် ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ ၃နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစား ကွင်းအမှတ်(၁)၌ မကွေးတိုင်းဒေသကြီး အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း အမှတ် (၃)၌ ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။