မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများအား စားသောက်ဖွယ်ရာများထောက်ပံ့၊ မြေသားများပျော့ကာ အုတ်တံတိုင်းပြိုကျမှုအား ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများအား စားသောက်ဖွယ်ရာများထောက်ပံ့၊ မြေသားများပျော့ကာ အုတ်တံတိုင်းပြိုကျမှုအား ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် လှိုင်မြစ်ရေမြင့်တက်လာပြီး တိုးချဲ့(၃)ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ ရပ်ကွက်အတွင်းရှိ နေအိမ် ၂၀ လုံး ရေများ ၄ ပေခန့် အထိဝင်ရောက်ခဲ့သည်။
အဆိုပါရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်နေပြည်သူများအား မှော်ဘီတပ် နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် မင်းမင်းစိုး နှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာ များ သွားရောက်ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင်း ယနေ့ ၉ နာရီချိန်ခန့်တွင် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၏ အုတ်တံတိုင်းအောက်ခြေမြေသားများပျော့ကာ ကျောင်းဝန်းအနီးရှိ လက်ဖက်ရည်ဆိုင်ပေါ်သို့ ပြိုကျခဲ့သဖြင့် ဆိုင်ပိုင်ရှင် အပါအဝင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါအုတ်တံတိုင်းပြိုကျမှုနေရာသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။