အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းကပါ ခေါ်ယူရန် ငြင်းပယ်ခံရသည့်အတွက် မန်ယူအသင်းနှင့်သာ စီရော်နယ်ဒို ပြန်လည်လက်တွဲရဖွယ်ရှိနေ

စီရော်နယ်ဒိုအနေဖြင့်     လက်ရှိကစားသမား အပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းမှ ထွက်ခွာရန် ကြိုးပမ်းနေပြီး အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်ကိုယ်တိုင်က စပို့တင်းလစ္စဘွန်းအသင်းသို့ ပြောင်းရွှေ့ကစားရန်    ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း     စပို့တင်းလစ္စဘွန်းအသင်းကပါ ခေါ်ယူရန် ငြင်းဆိုခဲ့သည့်အတွက် မန်ယူအသင်းနှင့်သာ ပြန်လည်လက်တွဲရဖွယ်ရှိကြောင်း သိရသည်။

စီရော်နယ်ဒိုသည် အစောပိုင်းက မန်ယူအသင်းတွင်  စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ  ဆက်လက်ကစားရန် ဆုံးဖြတ်ထားသော်လည်း     အားလပ်ရက် ခရီးစဉ်အတွင်း ဆုံးဖြတ်ချက်ပြောင်းလဲခဲ့ပြီး အသင်းနှင့် ချန်ပီယံလိဂ် ဝင်ခွင့်လွဲချော်ခဲ့ရသည့်အပြင် အသင်းတွင် လုပ်ခလစာ ၂၅ ရာခိုင်နှုန်းလျှော့ချခံရမည် ဖြစ်သည့်အတွက်  ယခုလဆန်းပိုင်းက အသင်းမှထွက်ခွာခွင့်ပြုရန် တရားဝင်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်ဒို၏  အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက် က ပီအက်စ်ဂျီအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ထံ ချိတ်ဆက် ခဲ့သော်လည်း ပယ်ချခံခဲ့ရသကဲ့သို့  ဘာစီ လိုနာအသင်းထံ ကမ်းလှမ်းခဲ့သော်လည်း ဘာစီလိုနာ အသင်းက ငြင်းပယ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းမှ လီဝန်ဒေါစကီးကိုသာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့အတူ အေးဂျင့် ဂျော့ချ်မန်ဒက်က အက်သလက်တီကိုအသင်းထံ ကမ်းလှမ်းခဲ့သော်လည်း  ငြင်းပယ်ခံခဲ့ရသဖြင့် နောက်ဆုံးတွင်    ချန်ပီယံလိဂ်တွင်ကစားခွင့်ရရှိရန် အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းသို့ ပြောင်းရွှေ့ကစားရန် လုပ်ခလစာပင် လျှော့ယူပြီး ကမ်းလှမ်းခဲ့သော်လည်း    စပို့တင်းလစ္စဘွန်းအသင်းကလည်း ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်    စီရော်နယ်ဒိုအနေဖြင့်    မိသားစု အကြောင်းပြချက်ဖြင့်  မန်ယူအသင်းနှင့်မပူးပေါင်း သေးခြင်း ဖြစ်ပြီး မကြာမီ ရာသီသစ်ပြန်လည်စတင် မည်ဖြစ်သည့်အတွက် မန်ယူအသင်းနှင့်သာ ပြန်လည်ပူးပေါင်းရမည် ဖြစ်ကြောင်း သိရသည်။

Ref;90Min