အာဆင်နယ်အသင်းက လူငယ်ကစားသမား ဆာကာကို တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် တစ်သိန်းကျော်ပေးပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်

အာဆင်နယ်အသင်းက လူငယ်ကစားသမား ဆာကာကို တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် တစ်သိန်းကျော်ပေးပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်

အာဆင်နယ်အသင်းက အသင်းမှ လူငယ်ကစားသမား ဆာကာကို တစ်ပတ်လုပ်ခလစာ စတာလင်ပေါင်  တစ်သိန်းကျော်ပေးပြီး သက်တမ်းတိုး စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၀ အရွယ်သာရှိသေးသည့် ဆာကာသည် အာဆင်နယ်အသင်း အကယ်ဒမီမှ  ထွက်ပေါ်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး   လက်ရှိတွင်  အသင်း အဓိက ကစားသမားအဖြစ်  ရပ်တည်နေသော်လည်း  နည်းပါးသည့် လုပ်ခလစာဖြစ်သော  တစ်ပတ်လုပ်ခ လစာ စတာလင်ပေါင်  ၇၀၀၀၀  သာ ရရှိနေသည့် အတွက် လုပ်ခလစာတိုးမြှင့်ပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရာသီက အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သော ဆာကာကို  ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း ကြီးများအပါအဝင် တခြားဥရောပ ထိပ်တန်းအသင်းကြီးများကလည်း  ခေါ်ယူရန်စောင့်ကြည့်နေသည့် အတွက် အာဆင်နယ်အသင်းက လုပ်ခလစာ တိုးမြှင့်ပေးမည် ဖြစ်ပြီး သက်တမ်းတိုး စာချုပ် ချုပ်ဆိုပြီးပါက တစ်ပတ် လုပ်ခလစာ စတာလင်ပေါင် တစ်သိန်းမှ တစ်သိန်းခွဲကြား ပေးချေမည်ဖြစ်သည်။

ထို့ပြင်   အာဆင်နယ်အသင်းသည်   ဘာစီလိုနာ အသင်းက စောင့်ကြည့်နေသည့် အသင်းမှ လူငယ်ခံစစ် ကစားသမား ဆလီဘာကိုလည်း သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး လက်ရှိတွင် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

Ref;Football London