အမျိုးသားအသက် ၂၅ နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

အမျိုးသားအသက် ၂၅ နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

၂၀၂၂ ခုနှစ်  ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား အသက် ၂၅ နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၄ ရက်တွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ် အားကစားရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  အမှာစကား ပြောကြားသည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက   ပြိုင်ပွဲဝင် ဖူဆယ်အားကစား အသင်းသားများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲဝင် အသင်းသားများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါ ဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၁၂  သင်း ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲကို  ဇူလိုင် ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။