အာဆီယံချန်ပီယံရှစ်အမျိုးသမီး ယူ- ၁၈ ပြိုင်ပွဲတွင် မြန်မာအသင်းက မလေးရှားအသင်းကို နှစ်ဂိုးပြတ်ဖြင့်အနိုင်ရ

နေပြည်တော်  ဇူလိုင်  ၂၅

အာဆီယံချန်ပီယံရှစ်အမျိုးသမီး ယူ- ၁၈  ပြိုင်ပွဲတွင် မြန်မာအသင်းက မလေးရှားအသင်းကို နှစ်ဂိုးပြတ်ဖြင့်အနိုင်ရ

အင်ဒိုနီးရှားနိုင်ငံတွင်  အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံချန်ပီယံရှစ် (AFF Championship 2022)အမျိုးသမီး ယူ-၁၈ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ယနေ့ ညပိုင်းတွင် ယှဉ်ပြိုင်ကစားရာမြန်မာအသင်းက မလေးရှားအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။

ပထမပိုင်းတွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့သည် ဂိုးမရှိရလဒ်ဖြင့်ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်း ၆၀ မိနစ်တွင် မြန်မာအသင်းမှ စုမြတ်နိုးက ဦးဆောင်ဂိုးကို စတင်သွင်းယူခဲ့ပြီး ဒုတိယအနိုင်ဂိုးကို ၈၂ မိနစ်တွင် မေသက်မွန်မြင့်က ဆက်လက် သွင်းယူခဲ့သည့် အတွက်ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက မလေးရှားအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု (ခ)တွင် ဖိလစ်ပိုင်၊ မလေးရှားနှင့် သြစတြေးလျအသင်းတို့ဖြင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး   ဇူလိုင် ၂၇ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း၊ ဇူလိုင်၂၉ ရက်တွင် သြစတြေးလျအသင်းနှင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

ကျော်လွင်