မန်ယူအသင်းခေါ်ယူလိုနေသည့် တောင်ပံခံစစ် ကစားသမား ဒမ်းဖရိုင်းအတွက် ပြောင်းရွှေ့ကြေးကို အင်တာမီလန် အသင်းက ယူရို သန်း ၅၀ တန်ကြေး သတ်မှတ်ထား

မန်ယူအသင်းခေါ်ယူလိုနေသည့် တောင်ပံခံစစ် ကစားသမား ဒမ်းဖရိုင်းအတွက် ပြောင်းရွှေ့ကြေးကို အင်တာမီလန် အသင်းက ယူရို သန်း ၅၀ တန်ကြေး သတ်မှတ်ထား

အင်တာမီလန်အသင်းသည်  မန်ယူအသင်းက ခေါ်ယူလိုနေသည့်  တောင်ပံခံစစ် ကစားသမား  ဒမ်းဖရိုင်းအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ တန်ကြေး သတ်မှတ်ထားကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် ကစားသမားသစ်များ ခေါ်ယူထားပြီးနောက် အသင်းမှ မြင့်မားသည့်လုပ်ခ လစာငွေပေးချေနေရသော  ကစားသမားများကြောင့် အသင်းဘဏ္ဍာရေး အကျပ်အတည်း တွေ့ကြုံနေရသည့် အတွက် ဒမ်းဖရိုင်း၊  ဆန်းချက်ဇ်နှင့်  ဒီဇီကိုတို့ကို ရောင်းချရန်ပြင်ဆင်နေခြင်းဖြစ်သည်။

မန်ယူအသင်းနည်းပြ တန်ဟတ်ကလည်း ရာသီကြိုခြေစမ်းပွဲစဉ်များ ကစားပြီးနောက်   လိုအပ်ချက်ရှိ နေသည့်နေရာများတွင် ကစားသမားသစ်များ ခေါ်ယူ အင်အားဖြည့်တင်းရန်  အသင်းထံတောင်းဆိုထားပြီး လက်ရှိအသင်း ဘယ်တောင်ပံခံစစ်နေရာတွင် ဒါလော့ ရှိနေသော်လည်း နောက်ထပ်ကစားသမား တစ်ဦးဖြစ်သည့် ဝမ်ဘစ်ဆာကာ၏ ခြေစွမ်းကို ကြိုက်နှစ်သက်ခြင်း မရှိသောကြောင့်  ၎င်းအားရောင်းချပြီး ဘယ်တောင်ပံခံစစ်နေရာအတွက် ဒမ်းဖရိုင်းနှင့် အစားထိုး လိုနေခြင်းဖြစ်သည်။

အင်တာမီလန်အသင်းက ဒမ်းဖရိုင်းကို လက်မလွှတ်လိုသော်လည်း  အသင်းဘဏ္ဍာရေး အကျပ်အတည်းများ မဖြစ်စေရန်အတွက်သာ ရောင်းချလိုနေပြီး ယူရို သန်း ၅၀ ရရှိမှသာ ရောင်းချမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။