ရာသီကြိုခြေစမ်း ပွဲစဉ်များတွင် ချယ်လ်ဆီးအသင်း ရလဒ် မကောင်းမှုကြောင့် လိုအပ်သည့် ကစားသမားများကို ခေါ်ယူပေးရန် နည်းပြတူချယ်လ် အသင်းထံ တောင်းဆို

ရာသီကြိုခြေစမ်း ပွဲစဉ်များတွင် ချယ်လ်ဆီးအသင်း ရလဒ် မကောင်းမှုကြောင့် လိုအပ်သည့် ကစားသမားများကို ခေါ်ယူပေးရန် နည်းပြတူချယ်လ် အသင်းထံ တောင်းဆို

ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်က ရာသီကြို ခြေစမ်းပွဲစဉ်များတွင် ရလဒ်မကောင်းခဲ့သဖြင့် လာမည့် ရာသီသစ်အတွက် အသင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်မှု လိုအပ်နေသောကြောင့် ကစားသမားအသစ်များ  ခေါ်ယူဖြည့်တင်းပေးရန်  အသင်းထံ  တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီး အသင်းသည် ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီသစ်မတိုင်မီ ရာသီကြိုခြေစမ်း ပွဲစဉ်များကစားခဲ့ရာ မေဂျာလိဂ်ကလပ် အသင်းများဖြစ်သည့် ကလပ် အမေရိကအသင်းနှင့် ကစားရာတွင် ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ချာလိုတီအသင်းနှင့် ပွဲစဉ်တွင် တစ်ဂိုးစီသရေရလဒ်နှင့် အာဆင်နယ် အသင်းနှင့် ပွဲစဉ်တွင် ၄ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ရာသီကြိုခြေစမ်းပွဲစဉ် သုံးပွဲကစားရာတွင် သုံးဂိုးသာ ရရှိခဲ့သကဲ့သို့ အသင်း ခံစစ်ပိုင်းမှလည်း  ခြောက်ဂိုးအထိ   ခွင့်ပြုခဲ့ရသည့် အတွက် နည်းပြတူချယ်လ်က လာမည့် ဘောလုံးရာသီ သစ်အတွက်    လက်ရှိကစားသမား အစုအဖွဲ့ဖြင့် လုံလောက်မှု မရှိသောကြောင့် လိုအပ်နေသည့်နေရာများတွင်  ကစားသမားအသစ်များ   ထပ်မံခေါ်ယူရန် အသင်းပိုင်ရှင်  တော့ဘိုလီထံ  တောင်းဆိုခဲ့ခြင်းဖြစ် သည်။

ချယ်လ်ဆီးအသင်းသည်  လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလအတွင်း  မန်စီးတီးအသင်းမှ တိုက်စစ်ကစားသမား စတာလင်းကို ခေါ်ယူထားပြီး ခံစစ်ပိုင်းအတွက် ကူလီဘာလေကို ခေါ်ယူအင်အား ဖြည့်တင်းထားသော်လည်း လိုအပ်ချက်များ ရှိနေဆဲဖြစ်၍  အသင်းခံစစ်ပိုင်းနှင့်  တိုက်စစ်ပိုင်းအတွက် ကစားသမားအသစ်များ  ထပ်မံခေါ်ယူ လိုနေခြင်းဖြစ် သည်။

ချယ်လ်ဆီးအသင်းက ခံစစ်ပိုင်းအတွက် ဆီဗီလာ အသင်းမှ   ခွန်ဒေးကိုခေါ်ယူရန်  ကြိုးပမ်းနေသကဲ့သို့ တိုက်စစ်ပိုင်းအတွက် ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် မာတင်ကိုလည်း ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

Ref;Sky Sports