အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့ ကျင်းပ ပြုလုပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့ ကျင်းပ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၇

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့ ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းထူးချွန်ဆု ရရှိခဲ့ သော စစ်သည်များ၊ အိမ်ထောင်သည်လိုင်း ဘက်စုံထူးချွန်ဆု၊ စိုက်ပျိုးရေးထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆုနှင့် သန့်ရှင်းရေးထူးချွန်ဆု ရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ၎င်းနောက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့ကြသည်။

ထို့အပြင် ညနေပိုင်းတွင် တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ် ပတ်လည်နေ့ ဂုဏ်ပြုညစာစားပွဲအား ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။