ဖိလစ်ပိုင်အသင်းကို အနိုင်ယူပြီး မြန်မာယူ-၁  အမျိုးသမီးအသင်း ဆီမီးဖိုင်နယ် တက်ရောက်

ဖိလစ်ပိုင်အသင်းကို အနိုင်ယူပြီး မြန်မာယူ-၁  အမျိုးသမီးအသင်း ဆီမီးဖိုင်နယ် တက်ရောက်

နေပြည်တော်  ဇူလိုင်  ၂၇

အင်ဒိုနီးရှားနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့်   AFF U- 18 Women's  Championship  2022 ပြိုင်ပွဲ  အုပ်စု(ခ) ပွဲစဉ်အဖြစ်  ယနေ့နေ့လယ်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနှင့် ဖိလစ်ပိုင် အသင်းတို့ ပွဲစဉ်တွင်  မြန်မာအမျိုးသမီး အသင်းက ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ၂ ပွဲနိုင် ရမှတ်(၆)မှတ်ဖြင့် အုပ်စုပွဲစဉ်မပြီးခင် တစ်ပွဲအလိုမှာပင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့သည်။

    မြန်အသင်းမှာ ပွဲအစပိုင်းလောက်သာ ဖိလစ်ပိုင်အသင်း အခြေအနေကို ကြည့်ကစားပြီးနောက်တွင် ဖိလစ်ပိုင် အမျိုးသမီးယူ-၁၈ အသင်းဘက်ကို တရစပ်ဖိကစားနိုင်ခဲ့သည့် အတွက် ပွဲကစားချိန်၃၃မိနစ်တွင် နှင်းမြင့်အေးမှ ဦးဆောင်ဂိုး စတင်သွင်းယူပေးနိုင်ခဲ့ပြီး မိနစ်ပိုင်းဖြစ်သည့် ပထမပိုင်း ပွဲကစားချိန် ၃၇ မိနစ်တွင်ဆုမြတ်နိုး ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့သည့်အတွက် မြန်မာမှဖိလစ်ပိုင် အသင်းကို ပထမပိုင်းပြီးဆုံးချိန်တွင်  ၂ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ကစားခဲ့သည်။

  ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းမှာ ဂိုးရရှိနိုင်အထိ အခွင့်အရေးတွေ အတော်များများ ဖန်တီးနိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှု၊ ဖိလစ်ပိုင်ဂိုးသမား လက်စွမ်းပြ ကာကွယ်ခဲ့မှုများကြောင့် ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၉၀ တွင် နှင်းမြင့်အေးမှ တတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည် အတွက်မြန်မာအသင်းက ၃ဂိုး၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

  မြန်မာအမျိုးသမီး ယူ၁၉အသင်းသည် ဇူလိုင် ၂၅ ရက်နေ့ ပွဲစဉ်တွင် မလေးရှား အသင်းအား ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ်သြစတြေးလျ အမျိုးသမီး ယူ၁၈အသင်းနှင့် လာမည့်ဇူလိုင်၂၉ရက်တွင်  ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။