စပါးအသင်း ကွင်းလယ်ကစားသမားဟောင်း အဲရစ်ဆင်ကို လေးနှစ်စာချုပ်ဖြင့် မန်ယူအသင်း ခေါ်ယူ

စပါးအသင်း ကွင်းလယ်ကစားသမားဟောင်း အဲရစ်ဆင်ကို လေးနှစ်စာချုပ်ဖြင့် မန်ယူအသင်း ခေါ်ယူ

မန်ယူအသင်းသည်    လက်ရှိအပြောင်းအရွှေ့ ကာလအတွင်း ဒုတိယမြောက်ကစားသမား ခေါ်ယူမှုအဖြစ် စပါးအသင်းကွင်းလယ် ကစားသမားဟောင်း အဲရစ်ဆင်ကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အသက်  ၃၀  အရွယ်  အဲရစ်ဆင်သည်  စပါးအသင်း၌  ၂၀၁၃  ခုနှစ်မှ  ၂၀၂၀  ပြည့်နှစ်အထိ ကစားခဲ့ပြီး အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။   အဲရစ်ဆင်သည်  အင်တာမီလန်အသင်း၌ ခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဇွန် ၂၁ ရက်က ယူရိုပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဖင်လန်အသင်းနှင့် ဒိန်းမတ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် ဒိန်းမတ်အသင်းအတွက် ပါဝင်ကစားပြီး နှလုံးဖောက်ကာ ကွင်းအတွင်း သတိလစ်မေ့မြောခဲ့ရာ  အသက်ဘေးမှ  လွတ်မြောက်ခဲ့သော်လည်း နှလုံးရောဂါကြောင့် ကာလရှည် အနားယူခဲ့ရသည်။

ထို့နောက် အဲရစ်ဆင်အနေဖြင့် နှလုံးအကူစက် တပ်ဆင်ခဲ့ပြီးနောက် လေ့ကျင့်မှုမျာ ပြန်လည်ပြုလုပ်ကာ အင်တာမီလန်အသင်းနှင့် ပြန်လည်ပူးပေါင်းခဲ့သော်လည်း အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ နှလုံးရောဂါ စည်းမျဉ်းများကြောင့် အင်တာမီလန်အသင်း၌ ကစားရန်မဖြစ်နိုင်သည့်အတွက် ဘရန့်ဖို့ဒ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

အဲရစ်ဆင်သည် ဘရန့်ဖို့ဒ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် မန်ယူအသင်းနှင့် စပါးအသင်းတို့က အဲရစ်ဆင်ကို ကမ်းလှမ်းခဲ့ကြသော်လည်း အဲရစ်ဆင်က မန်ယူအသင်းကိုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။