၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများ တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဘက်စုံထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများ တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဘက်စုံထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဇူလိုင် - ၂၈

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဘက်စုံထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ အသီးသီးပြုလုပ်ကြရာ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ဘက်စုံထူးချွန်ဆုရရှိသူများနှင့် ဒုတိယအောင်ချက်အကောင်းဆုံးဆုရရှိသည့် ကျောင်းတို့အား တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ထူးချွန်ဆုရ စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။
ဆုချီးမြှင့်ပွဲများအပြီးတွင် ဆုရစစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများ အား လက်ဘက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်းရရှိသည်။