ရတနာပုံအသင်းက ရခိုင်ယူနိုက်တက်ကို သုံးဂိုးပြတ်ဖြင့် အနိုင်ရ

ရတနာပုံအသင်းက ရခိုင်ယူနိုက်တက်ကို သုံးဂိုးပြတ်ဖြင့် အနိုင်ရ

နေပြည်တော်  ဇူလိုင် ၂၈

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၅)ကို ယနေ့ ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရတနာပုံအသင်းက ရခိုင်ယူနိုက်တက်အသင်းကို   သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး ရခိုင်ယူနိုက်တက် အသင်းမှာ ရှုံးပွဲများဖြင့်သာ ဆက်တိုက်တွေ့ကြုံနေရသည်။

ပထမပိုင်း ၁၀ မိနစ်တွင် ရဲရင့်အောင်က ဦးဆောင်ဂိုးကို  စတင်သွင်းယူနိုင်ခဲ့ပြီး ၁၉မိနစ်တွင်လည်း ရတနာပုံအသင်းမှ ရဲရင့်အောင်က ဒုတိယဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ကန်သွင်းနိုင်ခဲ့သဖြင့်  ရတနာပုံအသင်းမှ ရခိုင်ယူနိုက်တက် အသင်းကို ၂ ဂိုး ဂိုးမရှိရလဒ်ဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ရခိုင်ယူနိုက်တက် အသင်းက ဂိုးရရှိရေးအတွက် တိုက်စစ်ကို ပြောင်းလဲကစားခဲ့သော်လည်း  ပွဲကစားချိန် ၅၄မိနစ်တွင် ရတနာပုံ  အသင်းမှ သက်နိုင်က တတိယမြောက်ဂိုးကို ဆက်လက် သွင်းယူပေးနိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် ရတနာပုံအသင်းက ရခိုင်ယူနိုက်တက် အသင်းကို  သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။

   ဇူလိုင်၃၀ရက် တွင်မြန်မာနေရှင်နယ်လိဂ်၂၀၂၂ပွဲစဉ်(၆) မှ GFA အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ ညနေ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက် ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။