ကစားသမား အပြောင်းအရွှေ့ကာလအတွင်း မန်စီးတီးအသင်း တိုက်စစ်မှူးဟာလန်းနှင့် ကယ်ဗင်ဖီးလစ်တို့ကို ခေါ်ယူထားသော်လည်း စတာလင်ပေါင် သန်း ၁၀၀ ကျော် အမြတ်ရရှိနေ
ကစားသမား အပြောင်းအရွှေ့ကာလအတွင်း ထိပ်တန်း အသင်းကြီးများအနေဖြင့် ငွေကြေးများစွာ အသုံးပြုပြီး ကစားသမားသစ်များ ခေါ်ယူအင်အား ဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိရာ မန်စီးတီးအသင်းသည် တိုက်စစ်မှူးဟာလန်းနှင့် ကယ်ဗင်ဖီးလစ်တို့ကို ခေါ်ယူ အင်အားဖြည့်တင်း ခဲ့သော်လည်း စတာလင်ပေါင် သန်း ၁၀၀ ကျော် အမြတ်ရရှိနေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဒေါ့မွန်အသင်းမှ ဟာလန်းနှင့် လိဒ်ယူနိုက်တက် အသင်းမှ ကယ်ဗင်ဖီးလစ် တို့ကို ခေါ်ယူထားသော်လည်း ပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၁၀၀ ကျော်သာ ပေးချေခဲ့ရပြီး အသင်းမှ ကစားသမားများဖြစ်သည့် စတာလင်း၊ ဂျီးဆပ်၊ ဖာရန့်တောရက်စ်နှင့် ဇက်ချန်ကိုတို့ ရောင်းချမှုများမှ ဝင်ငွေစတာလင်ပေါင် ၂၃၂ သန်းကျော်ရရှိခဲ့ပြီး ကစားသမားဝယ်ယူမှုနှင့် ရောင်းချမှုများမှ စတာလင်ပေါင် သန်း ၁၀၀ ကျော် အမြတ်ကျန်ရှိနေခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလအတွင်း နောက်ဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ဘရိုက်တန်အသင်းမှ ခံစစ်ကစားသမား ကူကူရယ်လာကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။
မန်စီးတီးအသင်းသည် ကူကူရယ်လာကို ဘရိုက်တန်အသင်း တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၇၀ နှင့် ခေါ်ယူမည်ဆိုပါကလည်း အပြောင်းအရွှေ့ ကာလအတွင်း အမြတ်ရရှိမည် ဖြစ်ကြောင်း သိရသည်။