ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ လုံခုတ်၊ ပေါင်းလင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ လုံခုတ်၊ ပေါင်းလင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် - ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ လုံခုတ်၊ ပေါင်းလင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်မျးက  ဟိုပုံးတပ်နယ်၊ နယ်မြေခံ တပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ထို့သို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။