တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စားပွဲတင်တင်းနစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၂၈ ရက်က ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမ၌   ကျင်းပ သည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာသော အမျိုးသားတစ်ဦးချင်း၏ ယှဉ်ပြိုင် ကစားနေမှုကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင် ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့ကို လည်းကောင်း၊ တစ်ဦး ချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ် မြို့နယ်မှ မောင်စွမ်းပြည့်ထွန်း၊ မြိတ်မြို့နယ် မှ   ဒုတိယဆုရရှိသော   မောင်လွှမ်းမိုးအောင်နှင့်  တတိယဆုရရှိသော  မောင် ဇေယျာဖြိုးတို့အား လည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့်  မြိတ် မြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းနှင့်     တတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်   အသင်းတို့အား လည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသား ဆုများ   အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြိတ်မြို့နယ်အသင်းကို တံခွန်စိုက်ဆုဖလား ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။