၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
နေပြည်တော် ဇူလိုင် ၃၀
၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့တွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင်ခန်းမနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အောင်ဇေယျာခန်းမတို့၌ အသီးသီးပြုလုပ်ကြရာ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားကြသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်သည်များ၊ စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား၊ သမီး၊ ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူး
များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ၊ ဂုဏ်ပြုမှတ်တမ်းလွှာ များနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ယင်းနောက် ထူးချွန်ဆုရ စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။