ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၃၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားရေးနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ)(ရှမ်းအရှေ့)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုက လက်ခံရယူသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။