သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး အဖွဲ့များက အားတက်သရော ဆောင်ရွက်

သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး အဖွဲ့များက အားတက်သရော ဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၃၀

မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှု ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံး ချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒ ဖြစ်ပြီး    ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင် တစ်ခုရှိရန်   အလွန်လိုအပ် အရေးကြီးလှပါသည်။  မိမိတို့ တစ်ဦးချင်း နေထိုင်ကြသည့်  ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာ လှပသော  မြို့၊ ရွာ  Clean city ၊ Clean Village များ ဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်း သာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်   စည်ပင်သာယာရေး တာဝန်ရှိသူများက   မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ယခုအချိန်အခါတွင်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ အားလုံးက နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ်စနေနေ့တိုင်းတွင်လည်း  မိမိတို့၏ မြို့၊ ရွာ ဒေသများ သန့်ရှင်းသာယာ လှပရေးကို အားတက်သရော ဆောင်ရွက် လျက်ရှိကြပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ် ၈ မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ်၊ တနိုင်းမြို့ နယ်အပါအဝင် မြို့နယ် ၄ မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နှင့် ကျောက်မဲမြို့တို့၌ လည်းကောင်း၊  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အပါအဝင် မြို့နယ် ၃ မြို့ နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့အပါအဝင် မြို့နယ် ၃ မြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ်၊ သထုံမြို့နယ်အပါအဝင် မြို့နယ် ၅ မြို့နယ် တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ် တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် ၁၄ မြို့ နယ်၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၂ မြို့ နယ်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ် ၉ မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ လည်း ကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် မြို့နယ် ၁၃ မြို့နယ်နှင့် ချင်းပြည် နယ်၊ ပလက်ဝမြို့နှင့် မင်းတပ်မြို့တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အပါအဝင် မြို့နယ် ၇ မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တို့ ၌လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အပါအဝင် မြို့နယ် ၁၁ မြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ  မြို့နယ် ၂၈ မြို့နယ် နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက် ပေးကြသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။