ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက် ကျင်းပ
နေပြည်တော် ဇူလိုင် ၃၀
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့ ၌ ဆက်လက်ကျင်းပသည်။
ယနေ့နံနက် ၇ နာရီခွဲတွင် ကွာတားဖိုင်နယ်ပွဲစဉ်များ အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ် အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။
ညနေ ၃ နာရီခွဲတွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကချင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပဲခူးတိုင်းဒေသကြီး အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ် အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကြောင်း သိရသည်။