ဧရာဝတီယူနိုက်တက် အသင်းက ဂျီအက်ဖ်အေ အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

ဧရာဝတီယူနိုက်တက် အသင်းက ဂျီအက်ဖ်အေ အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသော   ၂၀၂၂  မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၆)ကို ယနေ့ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဧရာဝတီယူနိုက်တက် အသင်းနှင့် ဂျီအက်ဖ်အေအသင်း တို့ယှဉ်ပြိုင်ကစားရာ ဧရာဝတီယူနိုက်တက် အသင်းက    ဂျီအက်ဖ်အေအသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသည်။

 ပထမပိုင်းပွဲကစားချိန် ၂၇ မိနစ်တွင် ဧရာဝတီယူနိုက်တက် အသင်းမှ ရာဇာအောင်က ဦးဆောင်ဂိုးကို စတင်သွင်းယူပြီး ပွဲကစားချိန် ၃၅ မိနစ်တွင် ဧရာဝတီ ယူနိုက်တက် အသင်းအတွက် ဒုတိယဂိုးကို ရန်ကျော်ထွေးက ထပ်မံသွင်းယူပေးသည်။ ဂျီအက်ဖ်အေ အသင်းအတွက်  ချေပဂိုးကို ပွဲကစားချိန် ၄၁  မိနစ်တွင် သန်းတိုးအောင် သွင်းယူနိုင်ခဲ့သော်လည်း ပထမပိုင်းပြီးဆုံးချိန် နာကျင်အချိန်ပိုတွင် ဧရာဝတီယူနိုက်တက် အသင်းမှ ရန်ကျော်ထွေးက ထပ်မံသွင်းယူပေးခဲ့သည့် အတွက်  ဧရာဝတီယူနိုက်တက် အသင်းက ဂျီအက်ဖ်အေ အသင်းကို  ၃ ဂိုး ၁ ဂိုးဖြင့် ပထမပိုင်း ဦးဆောင်ခဲ့သည်။

 ဒုတိယပိုင်းပွဲ ကစားချိန် ၅၉ မိနစ်တွင် ဧရာဝတီယူနိုက်တက် အသင်းမှ ရန်ကျော်ထွေးက ထပ်မံသွင်းယူပေးခဲ့သဖြင့် ဒုတိယပိုင်းပြီးဆုံးချိန်တွင်  ဧရာဝတီ ယူနိုက်တက် အသင်းက ဂျီအက်ဖ်အေအသင်းကို ၄ ဂိုး၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

ဇူလိုင် ၃၁  ရက်(ယနေ့)တွင် မြန်မာနေရှင်နယ်လိဂ် ၂၀၂၂  ပွဲစဉ်(၆)မှ ISPE အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ညနေ ၃  နာရီတွင်  သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ပွဲစဉ် (၅)ပွဲ ယှဉ်ပြိုင် ကစားပြီးချိန်တွင် ၄ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေး ဇယားအဆင့် (၂)နေရာတွင် ရပ်တည်နေပြီး ISPE အသင်းမှာ၂ ပွဲနိုင်  ၁ ပွဲသရေ၂ ပွဲရှုံး ရမှတ် ၇ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၇)နေရာတွင် ရပ်တည်နေကြောင်း သိရသည်။