ဂျာမန်စူပါဖလား ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ် အသင်းက လိုက်ပဇစ် အသင်းကို ၅ ဂိုး - ၃ ဂိုးဖြင့် အနိုင်ရရှိပြီး သုံးနှစ်ဆက် ချန်ပီယံဆုဆွတ်ခူး

ဂျာမန်စူပါဖလား ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ် အသင်းက လိုက်ပဇစ် အသင်းကို ဂိုး - ဂိုးဖြင့် အနိုင်ရရှိပြီး သုံးနှစ်ဆက် ချန်ပီယံဆုဆွတ်ခူး

၂၀၂၂ ဂျာမန်စူပါဖလား ဗိုလ်လုပွဲအဖြစ် ဘိုင်ယန် မြူးနစ်အသင်းနှင့်  လိုက်ပဇစ် အသင်းတို့  ယှဉ်ပြိုင်ကစားရာ ဘိုင်ယန်မြူးနစ် အသင်းက ၅ ဂိုး- ၃ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် သုံးနှစ်ဆက်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် အပြန်အလှန် သွင်းဂိုးများဖြင့် အကြိတ်အနယ် ရှိခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းအတွက် သွင်းဂိုးများကို မူဆီလာ၊ မာနေး၊ ပါဗက်၊ ဂါနာဘရီနှင့် ဆာနေးတို့က သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်ကာ လိုက်ပဇစ်အသင်းအတွက်  သွင်းဂိုးများကို  ဟယ်လ်စတာဘာ့ချ်၊ အန်ကူကူနှင့် အော်မိုလ်တို့က သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

လိုက်ပဇစ်အသင်းသည် ဂျာမန်စူပါဖလား ဗိုလ်လုပွဲ သမိုင်းတစ်လျှောက်  ပထမအကြိမ်  ကစားခွင့်ရရှိခဲ့ခြင်း ဖြစ်ပြီး ပထမအကြိမ်တွင် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ် အသင်းသည်     အသင်းသမိုင်း တစ်လျှောက် ဂျာမန်စူပါဖလား ဗိုလ်လုပွဲသို့  ၂၀၁၂ ခုနှစ်မှစ၍  နှစ်စဉ်  ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ် နှင့်  ၂၀၂၂  ခုနှစ်တို့တွင်  သုံးနှစ်ဆက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။ ထို့ပြင် ဘိုင်ယန်မြူးနစ် အသင်းသည်  ချန်ပီယံဆု ဆွတ်ခူးနိုင်မှု အကြိမ်ရေ  စုစုပေါင်း ၁၀ ကြိမ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲ၏ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်လျက် ရှိကြောင်း သိရသည်။